Sunday, April 12, 2009

divider ဘားကို ကလိခြင်း

ပဲငပိ အကြောင်းရေး ရင်းနဲ့ စာတစ်ပုဒ်ရေးပြီးတိုင်း ဝါသနာအရ divider ဘားလေး ထည့်ခြင်းကို ကလိကြည့်ပါသည်...

အကျိုးအမြတ်ကတော့ http://www.w3schools.com ဒီဆိုဒ်လေးတွေ့သည်...
Html ကို လေ့လာချင်တယ်ဆိုရင် ကိုယ်တိုင် စမ်းလေ့ကျင့်ဖို့ အတွက် ဥပမာတွေ အဆင်သင့် ပေးထားသည်..
ကြိုက်သလို ဆော့ရင်း လေ့လာနိုင်ပါသည်...

ကျမက ဘလော့ရေးခြင်းထက် ဘလော့ စာမျက်နှာတစ်ခွင် လျှောက်ဆော့၊ ကလိ၊ လုပ်ချင်ရာလုပ် ရသည်ကို ပိုသဘောကျသည်...
ဘာမှမဟုတ်ပေမဲ့ အပျော်သဘောလေးပေါ့...

အခုလဲ ဒီဘားကို တစ်ကြောင်းထဲမှာ နှစ်ပုံသုံးပုံ ရောထည့်ချင်ပါသည်...
အဲဒီတော့ ပို့စ်တစ်ခုရဲ့ အောက်မှာ ထည့်ချင်တဲ့ divider ရဲ့ html code ကို ကော်ပီလုပ်ပါ..
ပြီးတော့ code မှာပါတဲ့ img link ကို နှစ်ခါ ကော်ပီ ကူးလိုက်ရုံပါပဲ...
လွယ်လွန်းလို့ မရတာပါ...ဟိ ဟိ

ကဲကဲ အိမ်မှဖြစ်တော့မည်...
၁နာရီလဲထိုးရောပေါ့...
နက်ဖြန်ကျရင် စေတနာ နဲ့ ဂိုက်လုပ်ပေးသော သူငယ်ချင်းက စာမေးမည်တဲ့...
မေးလို့ မရရင် KFC ဝယ်ကျွှေးရမယ်ဆိုလို့ နက်ဖြန် နံနက် စာကျက်ဖို့ အခု အိပ်ပါတော့မည်...



No comments:

Post a Comment